ကိုရီးယား ပဲခေါက်ဆွဲကို အိမ်မှာ လုပ်စားရအောင်
ကိုရီးယားပဲခေါက်ဆွဲကို မြန်မာနိုင်ငံမှာလည်း လူကြိုက်များတာကြောင့် အလွယ်တကူ အိမ်မှာလုပ်စားနိုင်တဲ့ နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။
ပါဝင်ပစ္စည်းများ (လူ ၂ ယောက်၊ ၃ ယောက်စာ)
ပဲခေါက်ဆွဲလုပ်တဲ့ ခေါက်ဆွဲ (jjajangmyeon ခေါက်ဆွဲတံဆိပ်မျိုး)
ဝက်ခေါက်သား ၂၂၆ ဂရမ်၊ (လက်မ၀က်အတုံးလေးတွေ လှီးပါ)
ကိုရီးယား မုန်လာဥဖြူ 1 Cup၊ (လက်မ၀က် အတုံးလေးတွေ လှီးပါ)
အာလူး 1 Cup၊ (လက်မ၀က် အတုံးလေးတွေ လှီးပါ)
ဗရုံသခွားသီး 1 Cup (လက်မ၀က် အတုံးလေးတွေ လှီးပါ)
ကြက်သွန်နီ 1 ½ Cups (လက်မ၀က် အတုံးလေးတွေ လှီးပါ)
ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
အမည်းရောင်ပဲ အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
Potato Starch Powder စားပွဲတင်ဇွန်း ၂ ဇွန်း
နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း
သခွားသီး ½ Cup၊ အလှဆင်ဖို့ အချောင်းလိုက်လှီးပါ။
ရေ
ပြုလုပ်နည်း
ဒယ်အိုးထဲမှာ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကိုထည့်ပြီး ၀က်ခေါက်သားကို ၄ မိနစ်ကနေ ၅ မိနစ်ကြား ကြော်ပါ။ အညိုရောင်ပြောင်းပြီး ကျစ်သွားတဲ့အထိ ကြော်ပါ။
ဝက်သားကိုထုတ်လိုက်ပါ။
မုန်လာဥအဖြူကို ထည့်ပြီး ၁ မိနစ်လောက်ကြော်ပါ။
အာလူး၊ ကြက်သွန်နီ၊ ဖရုံသခွားသီး တို့ကို ၃ မိနစ်လောက်ကြော်ပါ။
ထည့်ထားတဲ့ ပစ္စည်းတွေကို အိုးဘေးကိုကပ်လိုက်ပြီး အိုးအလယ်ကိုရှင်းလိုက်ပါ။
အိုးအလယ်မှာ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကိုထည့်လိုက်ပြီး ပဲအမည်းအနှစ် ထည့်ကာ ၁ မိနစ်လောက် ယောင်းမနဲ့ဆက်တိုက်မွှေပါ။ အားလုံးကိုနှံ့စပ်အောင် မွှေလိုက်ပါ။
Advertisement
ပိုမိုသိရှိရန်🔎
ရေ ၂ခွက်ထပ်ထည့်ပြီး အိုးကို အဖုံးပိတ်ပြီး ၁၀ မိနစ်လောက်ထားပါ။
အဖုံးကိုဖွင့်ပြီး မုန်လာဥအဖြူနဲ့ အာလူးကို မြည်းစမ်းကြည့်ပါ။ သေချာ ကျက်သွားရင် ရေအနည်းငယ်ထည့်လိုက်မွှေလိုက်လုပ်ပါ။
နှမ်းဆီထည့်ပြီး ဟင်းအရသာ အပေါ့အငန်မြည်းပြီး ဆားလိုရင်ထည့်ပါ။
ပြီးရင် ပြုတ်ထားတဲ့ ခေါက်ဆွဲအပေါ်ကို လောင်းထည့်ပြီး သခွားသီးနဲ့အလှဆင်ကာ စားလို့ရပါပြီ။
Ref:myfoodmyanmar
Published by ချစ်မင်းကိုကို