ကြက်​​ပေါင်း မြူစွမ်



ဒီတစ်ခါတော့ ထမင်းချက် မစားချင်ရင်ပဲဖြစ်ဖြစ်၊ နေထိုင်မကောင်းရင် ပဲဖြစ်ဖြစ် လုပ်စားနိုင်အောင်လို့ မြူစွမ်လုပ်နည်း ဖော်ပြလိုက်ပါတယ်။


ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ကြက်သားကို ရေစင်အောင်ဆေး၍ Pressure Cooker ထဲသို့ ထည့်ပြီး ရေမြုပ်အောင်ထည့် နာရီဝက်ခန့် တည်ပေးပါ။

၂။ ကြွက်နားရွက်မှိုခြောက်နှင့် ဂျပန်မှိုခြောက်ကို ရေစိမ်၍ ပါးပါးလှီး ထားပါ။

၃။ ပြောင်းဖူးကို အပိုင်းလေးများပိုင်း၍ မုန်လာဥနီကို အတုံးလေးများ လှီးထားပါ။

၎။ ထို့နောက် အသားနူးလျှင် အိုးတစ်လုံးထဲသို့ပြောင်းထည့်၍ မုန်လာဥ နီ၊ ပြောင်းဖူး၊ ကြွက်နားရွက်မှို၊ ဂျပန်မှိုခြောက်တို့ကို ထည့်ပြီး သုံးမိနစ်ခန့် တည်ပေးပါ။

၅။ အရသာအတွက် ကြက်သားမှုန်နှင့် ဆားအနည်းငယ်စီ ထည့်ပေးပါ။

၆။ ပွက်ပွက်ဆူလာလျှင် ပဲပြားနှင့် ကြက်ဥဖောက်ထည့်ကာ ကြက်ဥအ နှစ်ကျက်အောင် တည်ပေးပါ။

၇။ ထို့နောက် မြူစွမ်နှင့် ထိုင်ဝမ်မုန်ညင်းထည့်မွှေ၍ မီးပိတ်ပေးလို့ ရပါပြီ။
Advertisement

ပါဝင်ပစ္စည်းများ

ဗမာကြက်တစ်ခြမ်း

မြူစွမ်၁ ထုပ်

ကြက်ဥ၁ လုံး

မုန်လာဥနီအနည်းငယ်

ပြောင်းဖူး၁ ဖူး

ကြွက်နားရွက်မှိုခြောက်အနည်းငယ်

ဂျပန်မှိုခြောက်၃ ခု

ပဲပြား၁ တုံး

ထိုင်ဝမ်မုန်ညင်း၁ စည်း

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
Ref:7day