လိုက်ဖက်လှတဲ့ ကြာဆံချက်နှင့် ရှောက်သီးသုတ်ပြုလုပ်နည်း
ပဲကြာဆံ - ၁၀ကျပ်သား (ယိုးဒယားပဲကြာဆံက ပိုနူးညံ့သည်)
ကြက်သားနှင့် ကြက်ရိုး - ၃၀ကျပ်သား
ငါးဖယ် - ၁၀ကျပ်သား
ငုံးဥ
ကြက်နားရွက်မှို
အသားတု
ရှိတာကဲမှို - ၃ပွင့်
ရှောက်သီးအစိမ်း - ၁လုံး
ပုစွန်အချိုခြောက်
ပဲအကျက်မှုန့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
မြန်မာနံနံပင်
ငရုတ်ကောင်း
ငရုတ်သီးစိမ်း
မြေပဲလှော်
![]() |
Advertisement |
ဟင်းရည်ပြုတ်နေစဉ်မှာ ငါးဖယ်ကို ဂျင်း၊ ကြက်သွန်ဖြူထောင်း၊ ဆားတို့နဲ့ စီးနေအောင် နယ်ပေးထားပါ။ ငါးဖယ်နယ်ကို ရေစပ်စပ်နဲ့ ခပ်ထူထူအပြားချပ်လိုက်ကြီး ချက်လိုက်ပါ။ ငါးဖယ်ပြားကျက်ရင် လက်တစ်ဆစ်စာ အတုံးလေးတွေ လှီးပြီး ဟင်းရည်ပြုတ်အိုးထဲ ထည့်လိုက်ပါ။ ရေစိမ်ထားတဲ့ ပဲကြာဆံကို ရေစစ်ပြီး ဆက်လက်ထည့်ပါ။ အပေါ့ အငန် လိုအပ်သလိုထည့်ပြီးရင် ပဲကြာဆံ နူးသလောက်ရှိပြီးဆိုရင် ငရုတ်ကောင်းစေ့ထောင်းကို ထည့်ပြီး ၅မိနစ်လောက်နေရင် မီးဖိုပေါ်က ချနိုင်ပါပြီ။
ရှောက်သီးခပ်စိမ်းစိမ်းကို အမွှာလေးတွေရအောင် နွှင်၊ ပုစွန်အချိုခြောက်ကို ညက်အောင်ထောင်း၊ မြေပဲလှော်ကို မညက်တညက်ထောင်း၊ ပဲမှုန့်အကျက်မှုန့်၊ ကြက်သွန်နီကို ပါးပါးလှီးပြီး ဆား သို့မဟုတ် ငံပြာရည် သို့မဟုတ် ငါးပိစိမ်းစားဖုတ် တို့နဲ့ ရောသုတ်လိုက်ပါ။ ငရုတ်သီးစိမ်းကို အနေတော်လှီးပြီး နောက်ဆုံးမှ ထည့်နယ်လိုက်ပါ။
ချမ်းမြေ့ (ရိုးရာလေး)
Presenting by ချစ်မင်းကိုကို