ဖရဲစေ့လှော်ကွာစိဘာကြောင့်စားသင့်တာလဲ???
ဖရဲစေ့လှော်(ကွာစေ့)ကို အပျင်း ပြေစားလေ့ရှိပေမယ့် ကျန်းမာ ရေးကောင်းကျိုး ဘာတွေရှိတယ် ဆိုတာတော့ သိရှိသူနည်းပါလိမ့် မယ်။ ဒါကြောင့်မို့ ကွာစေ့ကဘာ တွေအတွက် ကောင်းသလဲဆိုတာ သိထားရအောင်လို့ ဖော်ပြပေး ချင်ပါတယ်။
-ဖရဲစေ့မှာပါတဲ့ အမိုင်နိုအက် စစ်နဲ့ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ် လုပ်ငန်းစဉ်ကို ပုံမှန်ဖြစ်စေသလို ဆီးချိုရောဂါကိုလည်း ထိန်းချုပ် နိုင်ကာ ဆက်စပ်ရောဂါတွေကို လည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။
- ကိုယ်ခံစွမ်းအားလည်း ကောင်း စေသလို ပင်ပန်းနွမ်းနယ်မှုတွေ ကိုလည်း သက်သာစေပါတယ်။
- သွေးလည်ပတ်မှု ကောင်းစေပြီး နှလုံးကျန်းမာရေးအတွက်လည်း ထောက်ကူပေးပါတယ်။
- သွေးဖိအားကိုလည်း ပုံမှန်အ နေအထားမှာ ရှိစေသလို ကြွက် သားများ ကျန်းမာဖို့အတွက်လည်း အကျိုးပြုပါတယ်။
- ခန္ဓာကိုယ်အတွင်းမှာ စုနေတဲ့ အဆီတွေကိုလည်း လျော့ကျစေ ပါတယ်။
- ဦးနှောက်ကျန်းမာရေးကိုလည်း ထောက်ကူပေးကာ မှတ်ဉာဏ် ပိုင်းဆိုင်ရာကိုလည်း တိုးတက်စေ ပါတယ်။
- အမြင်အာရုံကိုကောင်းစေတဲ့ အပြင် မျက်စိဆိုင်ရာရောဂါတွေ ဖြစ်ပွားမှုကိုလည်း လျော့နည်းစေ ပါတယ်။
- အသားအရေရဲ့ ကောင်းခြင်း၊ ဆံပင်ရဲ့ကောင်းခြင်းနဲ့လည်း ပြည့်စုံစေပါတယ်။
-Ref: tophomeremedies