အရမ်းကောင်းတဲ့ရှမ်းထမင်းချဉ်ကြော်လေးလုပ်စားကြမယ်။
အရမ်းကောင်းတဲ့ ထမင်းကြော်လေးပါ။ လူတိုင်း ကြိုက်နှစ်သက်စေမယ့် ထမင်းကြော်လေး ဖြစ်မယ်လို့လည်း ထင်ပါတယ်။
ရှမ်းချဉ် ထမင်းကြော်ဟာ ရှမ်းချဉ်၊ ထမင်း၊ ပုစွန်၊ ကြက်သား၊ ဂဏန်းချောင်း၊ ပဲပြား စတဲ့ အလွန်အရသာရှိသော အရာများနဲ့ တွဲဖက်ကာ ပြုလုပ်ပြီး ကြော်စားရတဲ့ ထမင်းကြော် တစ်မျိုးဖြစ်ပါတယ်။ ထမင်းကြော်ပြီးတာနဲ့ ပါးပါးလှီးထားသော ခရမ်းချဉ်သီး အစိမ်းများကိုလည်း ထည့်စားနိုင်ပါတယ်။ တစ်ချို့ကလည်း ကြက်ဥကြော် ကို ထည့်စားပါတယ်။
အသီးအရွက်များကို စိမ်းစိမ်းလေး စားချင်ရင်တော့ ထမင်းကြော်ပြီး အနည်းငယ်ကြာမှ ထည့်ပေးပါ။ ရှမ်းချဉ် ထမင်းကြော်ဟာ အသီးအရွက် အသားငါးများနဲ့ စားချင်ဖွယ်ဖြစ်လို့ လူတိုင်း လူတိုင်း ကြိုက်တဲ့ ထမင်းကြော်လေး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လည်း လွယ်ကူစွာ လုပ်စားနိုင်ပါတယ်။
Ref : chatkyekyasott