ပင်လယ်စာထမင်းသုပ်ပြုလုပ်နည်း
ဒီတစ်ပတ်တော့ ထမင်းဟင်းတွေချက်စားရတာ ငြီးငွေ့နေသူ တွေအတွက် ပင်လယ်စာထမင်းသုပ် လုပ်နည်းလေး ဖော်ပြလိုက် ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ပုစွန်များကို အခွံခွာသန့်စင်၍ ရေနွေးပွက်ပွက်ဆူထဲတွင် တစ်မိနစ်ခန့် ပြုတ်ကာ ဆယ်ထားပါ။
၂။ ပြည်ကြီးငါးကိုသန့်စင်၍ ရေ နွေးထဲတွင် ချင်း၊ ရှလကာရည်တို့ ထည့်ကာ သုံးမိနစ်ခန့်ပြုတ်ပြီး လှီးထားပါ။
၃။ ကြက်သွန်နီကို ပါးပါးလှီး၍ မုန်လာဥနီကို အမျှင်လေးများခြစ် ထားပါ။
၎။ ပြီးနောက် ဇလုံတစ်လုံးထဲတွင် ပါဝင်ပစ္စည်းများနှင့် အရသာမှုန့်၊ ငံပြာရည် အနည်းငယ်၊ သံပရာ ရည်တို့ထည့်ကာ နှံ့အောင်နယ်ပေးပြီး နှမ်းဖြူး၍ သုံးဆောင်နိုင်ပါပြီ။
![]() |
Advertisement |
ပါဝင်ပစ္စည်းများ
ထမင်းဖြူပန်းကန်လုံးနှစ်လုံး
ပုစွန်၁၀ကျပ်သား
ပြည်ကြီးငါး၁၀ ကျပ်သား
ငါးဖယ်လုံးပြုတ်ခုနစ်လုံး
ကြက်သွန်နီတစ်လုံး
မုန်လာဥနီအနည်းငယ်
နှမ်းအနည်းငယ်
ငရုတ်သီးအလှော်မှုန့်အနည်းငယ်
သံပရာသီးတစ်လုံး
ကြက်သွန်နီဆီချက်စားပွဲတင်ဇွန်း နှစ်ဇွန်း
နံနံပင်အနည်းငယ်
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
ကိုးကားရင်းမြစ် 7day
Presenting by ချစ်မင်းကိုကို
![]() |
Advertisement |